ရီကုံးတောင်ရွှေ့ခြင်းပုံပြင်ဟာ တရုတ်လူမျိုးတိုင်းသိကြတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ပါတယ်။ ဖိနှိပ် မှုနှင့် အတားအဆီးများကို ဂရုမစိုက်ဘဲ အခက်အခဲဟူသမျှကို သတ္တိရှိရှိရဲဝင့်စွာ ရင်ဆိုင်ဖြေရှင်းခဲ့ပုံကို သရုပ်ဖော်ထားသော စိတ်ကူးယဉ်ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လည်းဖြစ်ပါသည်။ လူငယ်တစ်ယောက်ရဲ့ရှု ထောင့်အမြင်နဲ့ မာနကြီးတဲ့တောင်စောင့်နတ်မင်းကြီး ထိုက်ဟန်ကို ရင်ဆိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ တောင်ကြီးနှစ်လုံးကို အဘိုးရီနဲ့သားသမီးများဟာ ရွာသူရွာသားများနဲ့ပူးပေါင်း ပြီး ဇွဲရှိရှိကြိုးပမ်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အဘိုးရီကုံးနဲ့ နတ်မင်းကြီးတို့၏ အပြန်အ လှန် အထင်လွဲမှားမှုများ ပြေပျောက်သွားပြီး နတ်မင်းကြီးက တောင်နှစ်လုံးကို ဖယ်ရှားပေးခဲ့ကြောင်း ကို မြန်မာနောက်ခံစကားပြောနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။