About Us

WAFWe Are Family) Channel ဟာအခဲ့ မဲ့ထုတ်လွှင့်နေသော ရုပ်သံလိုင်းတစ်လိုင်းဖြစ်ပြီး ဒစ်ဂျစ်တယ် စနစ်ဖြင့် ထုတ်လွှင့်နေခြင်း ဖြစ်ပါတယ်။  ရုပ်သံအရည်အသွေးကောင်းမွန်ရန် HD စနစ်ဖြစ်သော 1920-1080 59.94i ဖြင့် ထုတ် လွှင့်လျှက်ရှိပါတယ်။ WAF ရုပ်သံလိုင်းကို UHF အင်တာနာဖြင့် 642 MHz တွင် ဖမ်းယူကြည့်ရှုနိုင်ပါ တယ်။ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ၃ ကြိမ် ထုတ်လွှင့်နေခြင်းကြောင့် မနက် (၆) မှ ည (၁၂)နာရီ အထိ ထုတ်လွှင့်ပါတယ်။ အစီအစဉ်သစ်များကို ညနေ (၆) နာရီမှ ည (၁၂) နာရီ အထိ ထုတ်လွှင့်ပေး ပြီး ထိုအစီအစဉ်များကို နောက်တစ်နေ့မှာ (၂)ကြိမ် ထပ်မံထုတ်လွှင့်ပေးပါတယ်။ ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်များမှာ စေတီပုထိုးများ၏ထူးခြားမှုများ ၊ သမိုင်းဝင်အမွေအနှစ် အကြောင်းအရာများ၊ စာပေ အနုပညာရှင်များနှင့်တွေ့ဆုံခန်းအစီအစဉ်၊ တေးသံရှင်များနှင့် တွေ့ဆုံခန်းအစီအစဉ်၊ လုပ်ငန်းရှင်များ ၏အကြောင်းအရာများနှင့် လုပ်ငန်းလမ်းညွှန်အစီအစဉ်၊ မြန်မာ့ရိုးရာအနုပညာရပ်များ၊ ကျန်းမာရေး အတွက် ယောဂကျင့်စဉ်များ၊ မြန်မာရုပ်ရှင်ဇာတ်လမ်းများနဲ့ နိုင်ငံခြားဇာတ်လမ်းတွဲများ ဇာတ်လမ်း မှတ်တမ်းများကို ထုတ်လွှင့်ပေးလျက်ရှိနေပြီး အစီအစဉ်သစ်များကိုတိုးချဲ့ထုတ်လွှင့်ရန်လည်း ပြည် တွင်းပြည်ပ ပညာရှင်များနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသော ရုပ်သံလိုင်းတစ်လိုင်း ဖြစ်ပါတယ်။

Enable Notifications OK No thanks